အမှတ်တံဆိပ် မူပိုင်ခွင့်
မြန်မာ့ကုန်အမှတ်တံဆိပ်တွေကမ္ဘာထိရင်ဘောင်တန်းနိုင်ဖို့ မူပိုင်ခွင့်ဆိုင်ရာကိုယ်စားလှယ်ဖြစ်တဲ့ Lady Lawyer
Law Firm နဲ့လက်တွဲပြီးအမှတ်တံဆိပ် မူပိုင်ခွင့်များအချိန်မီရယူထားနိုင်ပါပြီ။
စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့ ကုန်အမှတ်တံဆိပ်များကို 2019 ခုနှစ်၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်
ဥပဒေနဲ့အညီ မှတ်ပုံတင်ထား ရှိရန်လိုအပ်ပါတယ် ဒါမှသာ အမှတ်တံဆိပ်မူပိုင်ခွင့်ဆုံးရှုံးခြင်းများကို ကာကွယ်
နိုင်မှာဖြစ်ပြီး ဥပဒေရဲ့အကာအကွယ်ကို အပြည့်အဝရရှိမှာဖြစ်ပါတယ်။
ယခုအခါ ဦးစွာအသုံးပြုသူအခွင့်အရေးရရှိသော First to Use System မှ ဦးစွာမှတ်ပုံတင်သူသာ အခွင့်အရေးရ
ရှိသော First to File စနစ်သို့ (1.10.2020) ရက်နေ့မှာ မူပိုင်ခွင့်ဌာနကြီးရဲ့ ကောင်းမှုနဲ့ စတင်ကူးပြောင်းခဲ့ပြီ ဖြစ်
ပါတယ်။
ဒီအချိန်မှာ ကျနော်တို့ ပြင်ဆင်ထားဖို့လိုတာက မိမိတို့ရဲ့ အမှတ်တံဆိပ်သည် Authentic (တမူထူးခြား) ဖြစ်နေဖို့လိုအပ်လာပြီး မိမိတို့ရဲ့ ကိုယ်ပိုင်ဥာဏ်စွမ်းနဲ့ ဖန်တီးထားသော အရာများကိုသာ မြန်မာနိုင်ငံမှသည် ကမ္ဘာအထိ
မိမိတို့ရဲ့ Brand Value အမှတ်တံဆိပ်တန်ဖိုးကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။
မူပိုင်ခွင့်မှတ်ပုံတင်ရာမှာ ယခင်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မြွက်ဟကြေညာထားခဲ့တဲ့ မှတ်ပုံတင်စာချုပ်ချုပ်
ဆိုထားသော အမှတ်တံဆိပ်များ၊ စျေးကွက်အတွင်းအမှန်တကယ်အသုံးပြုလျှက်ရှိသော အမှတ်တံဆိပ်များကို
ဦးစွာ ပြန်လည်မှတ်ပုံတင်ခြင်းအစီအစဉ်ကို (1-10-2020) နေ့ကစလို့ မူပိုင်ခွင့်ဌာနမှ ခွင့်ပြုထားသော ကိုယ်စား
လှယ် Agent များဖြစ်သည့် Law Firm များ၊ Company များမှတဆင့် မူပိုင်ခွင့်မှတ်ပုံတင်သွင်းနိုင်ပြီဖြစ်ပါတယ်။
Lady Lawyer Law Firm ဟာဆိုရင် မူပိုင်ခွင့်ဌာနရဲ့ Official Agent တစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသော
Law Firm တစ်ခုဖြစ်ပါတယ် မူပိုင်ခွင့်တင်သွင်းခြင်းလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ မှန်ကန်တဲ့ လမ်းညွှန်မှု၊ တိကျ
တဲ့ Classification များကို ခွဲခြားစိစစ်နိုင်မှု၊ ပြည့်စုံတဲ့စာမှတ်စာတမ်း ပြုစုပြီး မှန်ကန်မြန်ဆန်စွာတင်သွင်းနိုင်
မှု နဲ့ ယုံကြည်စိတ်ချရတဲ့အဖွဲ့အစည်း တစ်ခုရဲ့ အကြံပေးဆွေးနွေးမှုတွေကို အမှန်တကယ်လိုအပ်ပါတယ်။
Lady Lawyer Law Firm ဟာဆိုရင် မူပိုင်ခွင့်ကျွမ်းကျင်ပညာရှင်များနဲ့ အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ Arbitration ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးဥပဒေအကြံပေးရှေ့နေများဖြင့် ခိုင်မာစွာဖွဲ့စည်းထားတဲ့အတွက် လူကြီးမင်းတို့ရဲ့ မူပိုင်ခွင့်များ ပြည့်၀စွာရရှိစေရန် အင်တိုက်အားတိုက်ကူညီပေး နိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်
ပါတယ်။
မြန်မာ့ကုန်အမှတ်တံဆိပ်တွေ ကမ္ဘာထိရင်ဘောင်တန်းနိုင်ဖို့ မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်ဖြစ်တဲ့ Lady Lawyer
Law Firm နဲ့ လက်တွဲပြီး အမှတ်တံဆိပ်မူပိုင်ခွင့်များ အချိန်မီရယူထားနိုင်ပါပြီ။
ဒေါ်ခင်နီနီစိုး ( တရားလွှတ်တော်ရှေ့နေ )
အမှတ် (၁၈၉) လမ်း ၈၀၊ ၁၉ - ၂၀ လမ်းကြား၊
၊ပုလဲငွေရောင်ရပ်ကွက်။အောင်မြေသာဇံမြို့နယ်။ မန္တလေးမြို့။
ဖုန်း၊ 02-4068839, 092006029, 09792006029
This comment has been removed by a blog administrator.
ReplyDelete