ကုမ္ပဏီလိုင်စင် လျှောက်ထားခြင်း


ကုမ္ပဏီလိုင်စင်တစ်ခု ရရှိဖို့အတွက် လူကိုယ်တိုင်လာ‌ရောက်စရာမလိုဘဲ Lady Lawyer Law Firm ဆီသို့ ဖုန်းတစ်ချက်‌လေး ဆက်လိုက်ရုံနဲ့ လူကြီးမင်းတို့၏ လျှောက်ထားချင်တဲ့ ကုမ္ပဏီ လိုင်စင်ကို အချိန်တိုတစ်ခု အတွင်း မြန် ဆန်တိကျစွာ ဆောင်ရွက်ပေးနေပါပြီ။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ
ဒါရိုက်တာ (၁) ယောက်ရှိရုံနှင့် ကုမ္ပဏီစတင်တည်ထောင်လို့ရပါပြီ ရှင်။
နှစ်စဉ်အစီရင်ခံစာသတ်မှတ်ရက်တွေ အတွက်
အစီရင်ခံစာတင်တာတွေနောက်ကျသွားလို့ ဒါဏ်ကြေးတွေ‌ဆောင်လိုက်ရမှာကို စိတ်ပူစရာမလိုအောင် တရားဥပဒေကျွမ်းကျင်တဲ့ ရှေ့နေများမှ အမြဲမပြတ် စောင့်ကြည့်ပြီး သတ်မှတ်ရက် အမှီ အသိပေးခြင်း များ ပြုလုပ်ပေးသွားမှာ ဖြစ်ပါသည်။
မိမိ၏ ကုမ္ပဏီ တစ်စုံတစ်ခု ပြသနာ ပေါ်ပေါက်လာတဲ့အခါမှာလည်း နစ်နာမှုများအတွက် နို့တစ်စာပေးပို့ခြင်း၊ သတင်းစာတွင်သတိပေးစာကြော်ငြာထည့်သွင့်ပေးခြင်း များကို ကျွန်မတို့ရဲ့ Lady Lawyer Law Firm တရားလွှတ်တော်ရှေ့နေများမှ အကြံပေးခြင်း နှင့်အတူ ဥပဒေနှင့်အညီ တရားဝင်ဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ပေး သွားမှာဖြစ်ပါသည်။
ခုခေတ်ကာလမှာ ကုမ္ပဏီထူ‌ထောင်သူများ အတွက် အားသာချက္များကတော့ အရင်တုန်း ကလို ရုံးခန်းနေရာ လာရောက်စစ်ဆေးမှု မရှိခြင်း နှင့် ရင်းနှီးမတည်ငွေ ပိုင်ဆိုင်မှုအထောက်အထားနှင့် ဘဏ်စာရွက်စာတမ်းတွေကိုလည်း လုံးဝပြစရာမလိုအပ်တော့ဘူး ဖြစ်ပါသည်။
ကုမ္ပဏီတစ်ခုမှတ်ပုံတင်မယ်ဆိုရင် လိုအပ်‌သော အချက်အလက်တွေကတော့
၁ ။ကုမ္ပဏီ အမည် (မြန်မာ/အင်္ဂလိပ် စာလုံးပေါင်းအတိအကျ)
၂ ။ ကုမ္ပဏီရုံးခန်းလိပ်စာ
၃ ။ ဒါရိုက်တာအဖွဲ့ဝင်တွေရဲ့ မှတ်ပုံတင် ရှေ့/နောက်ဓာတ်ပုံများ
‌၄ ။ ဒါရိုက်တာများရဲ့နေရပ်လိပ်စာ
၅ ။ ဒါရိုက်တာများရဲ့ ဖုန်းနံပါတ်များ
၆ ။ Email လိပ္စာ
၇ ။ မတည်ရင်းနှီးငွေပမာဏ
၈ ။ အစုရှယ်ယာခွဲဝေသတ်မှတ်ပုံ စသည့် အချက်အလက္များကို Lady Lawyer Law Firm သို့ ပေးပို့ထားရပါမည်။
ဖွဲ့စည်းတည်‌ထောင်နိုင်‌သော ကုမ္ပဏီ အမျိုးအစားများကတော့
၁ ။ မြန်မာနိုင်ငံသား (၁၀၀ %) ပါဝင်တဲ့ ကုမ္ပဏီ
၂ ။ မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသား ပါဝင်တဲ့ ဖက်စပ်ကုမ္ပဏီ
၃ ။ လူပုဂ္ဂိုလ် နှင့် ကုမ္ပဏီ ပါဝင်တဲ့ ဖက်စပ်ကုမ္ပဏီ
၄ ။ ကုမ္ပဏီ နှင့် ကုမ္ပဏီ ပူးပေါင်းဖွဲ့စည်းတဲ့ JV ကုမ္ပဏီ ဟူ၍ ကုမ္ပဏီ ဖွဲ့စည်းနိုင်ပါတယ်။
ကုမ္ပဏီ လိုင်စင်အမျိုးအစားမတူသည့် အတွက် လိုအပ်သော အချက်အလက်တွေ အနည်းငယ် ပြောင်းလဲသွား မှာဖြစ်ပါသည်။
ကုမ္ပဏီတည်ထောင်ပြီးရင် ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ မြန်မာနိုင်ငံသားကုမ္ပဏီလိုင်စင်တစ်ခုရှိရုံနဲ့ DICA က ခွင့်ပြုထား‌သော လုပ်ငန်းအမျိုးအစား (၉၉) မျိုးလုံးကို လုပ်ကိုင်လို့ရပါသည်။
မိမိတို့၏ ကုမ္ပဏီမှတ်ပုံတင်ထားခြင်းဖြင့်
🗨️ မိမိတို့၏ ကုမ္ပဏီသည် တရားဉပဒေနှင့်အညီ တရားဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည့်အတွက် ဥပဒေအရ Legal Person အဖြစ် နစ်နာမှုများ ရှိလာခဲ့လျှင် ကုမ္ပဏီအမည်ဖြင့် တရားစွဲဆိုခွင့်၊ တရားစွဲဆိုခံပိုင်ခွင့်တွေ ရရှိလာမှာဖြစ်ပါသည်။
🗨️ကုမ္ပဏီ အဖွဲ့အစည်း စည်းမျဉ်းမှတ်တမ်းတွေသည် သဘောတူညီချက် မှတ်တမ်း နှင့် အညီ ဖွဲ့စည်းထားသော အချက်အလက္များဖြစ်သည့် အတွက် ရှယ်ယာရှင်များ နှင့် လုပ်ငန်း ပါတနာတွေများအကြားတွင် ခိုင်မာ‌သော စာချုပ်များ နှင့်အညီ တိကျ သေချာစွာ အလုပ်လုပ်နိုင်မှာဖြစ်ပါသည်။
🗨️ DICA ကခွင့်ပြုထားသော လုပ်ငန်းအမျိုးအစား (၉၉) မျိုးကို ကုမ္ပဏီတစ်ခုတည်းအောက်တွင် တိကျသေချာစွာအလုပ် လုပ်ကိုင်နိုင်မှာဖြစ်ပါသည်။
🗨️မိမိတို့၏ လုပ်ငန်းအားလုံးက ငွေစာရင်းတွေနှင့် အခွန်များအားလုံးကို ကုမ္ပဏီတစ်ခုတည်းအောက် တွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့်အတွက် အချိန်နှင့် ငွေကြေးကုန်ကျစားရိတ်သက်သာသွားစေမှာ ဖြစ်ပါသည်။
🗨️ကုမ္ပဏီလုပ်ငန်းအောက် တွင် ရှယ်ယာရှင်များ ပြောင်းလဲခြင်း၊ ထည့်သွင်းခြင်း၊ နှုတ်ထွက်ခြင်းများအတွက် လုပ်ငန်းတစ်ခု၏ ပုံရိပ် တစ်ခုနှင့် တာဝန်ယူမှု တာဝန်ခံမှုတွေကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ အကာအကွယ် အပြည့်အဝ ရစေမှာ ဖြစ်ပါသည်။
လူကြီးမင်းများ ရှင်
မိမိတို့၏ လုပ်ငန်းတွေကို စနစ်တကျလည်ပတ်နိုင်ဖို့နှင့်အညီ တိကျခိုင်မာ‌သော အဖွဲ့အစည်းအဖြစ် အများအမြင်မှာ ယုံကြည်မှုပိုမိုရစေဖို့ အတွက် ဥပဒေအကာအကွယ်တွေ နှင့် ပိုမိုကျယ်ပြန့်‌သောလုပ်ငန်းများ တရားဉပဒေနှင့်အညီ လုပ်ကိုင်နိုင်ဖို့ အတွက် ကျမတို့၏
Lady Lawyer Law Firm သို့ လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါသည် ရှင်။

Comments

  1. ဆောက်လုပ်ငန်း ကုမ္ပဏီ ထောင်ချင်ပါတယ် ဘယ်လိုလုပ်ရမလဲ

    ReplyDelete
  2. 09664529656

    ReplyDelete
  3. Happy Family Agency

    ReplyDelete

Post a Comment